|
events-tournaments |
|
|
[1
.
2 ]
Next
» |
|
  |
ဒီနေ့ခတ်မှာ
အင်တာနက်ကဖေးဆိုင်ယဉ်ကျေးမှု့ဟာ
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု့လိုပဲ ကျယ်ပြန့်ထွန်းကားလာတယ်။ နံနက်ခင်း
ရောက်လို့မှ လက်ဖက်ရည်ဆိုင်မထိုင်လိုက်ရရင် ချဉ်ခြင်းမပြေကြသလို
အိုင်တီခတ်မှာ လူဖြစ်တဲ့ သူတွေအဖို့ အင်တာနက်ကဖေး
ကိုမ ရောက်ဖူးဆိုရင် ၂၁ ရာစုရဲ့ အာဟာရတစ်မျိုးချို့တဲ့နေမှာ
မလွဲပါဘူး။
ကဲ.. Tech Digest နဲ့အတူ အင်တာနက်ကဖေးကို
တစ်ပတ်တစ်ခေါက် လောက်သွား ကြရအောင်…..။
ဒီတစ်ပတ်အတွက် အတွက် အင်တာနက် ကဖေးဆိုင်သွားကြမယ်ဆို I4U
ကိုလမ်းညွန် လိုက်ပါတယ်။
အဲဒီဆိုင်မှာ ဆိုရင် အင်တာနက်အပြင် Network ဂိမ်းတွေကိုလည်း
ကစားနိုင်ပါ တယ်။အင်တာနက်သက်သက် ဂိမ်းသက်သက်ခွဲ ထားပါ တယ်။
အင်တာနက်အသုံးပြုဖို့ စက် ၁၀လုံးရှိပြီး . ဂိမ်းကစားအတွက်
၁၅လုံးရှိပါတယ်။ အင်တာနက်အသုံးပြုမယ်ဆိုရင်တော့ တစ်နာရီ ကျပ်၇၀၀
ပါ။ Member ၁၀ နာရီ ၀င်ထားရင် တစ်နာရီ ၆၅၀ ကျပ်၊ နာရီ ၂၀
ဝင်ထားမယ်ဆိုရင် တစ်နာရီ ၆၀၀ကျပ်၊ နာရီ ၃၀ စာယူထား ရင် တစ်နာရီ ၅၅၀
ပါ။ ဂိမ်းအတွက်က တစ်နာရီ ၃၀၀ ပါ။ Member ၀င်ထားလို့လည်းရပါတယ်။
ဆိုင်ကတော့ မနက်ကနေ.. ည ၁၀နာရီခွဲအထိဖွင့်ပါတယ်။
အင်တာနက်အသုံးပြုရင်းလည်း အစားအသောက်တွေပါ ရရှိနိုင်ပါတယ်။
အသုပ်ပေါင်းစုံ၊ ထမင်း၊ ရှမ်းခေါက်ဆွဲ၊ တရုတ်ထမင်း၊
ကော်ဖီစီးရီးလိုက်၊ အပူအအေးစုံနဲ့ အသီးမျိုးစုံ ရရှိနိုင်ပါ တယ်။
i4u ကတော့ M.W.E.A တာဝါပထမထပ်မှာ ဖွင့်လှစ်ထားပါတယ်။
နောက်ထပ်ဆိုင်ခွဲ တစ်ခုကိုလည်း ကိုးမိုင်မှာရှိတဲ့ Oshin Shopping
Centre မှာ ဖွင့်လှစ်ထားပါတယ်။ အင်တာနက် အသုံးမပြုတတ်တဲ့ လူတွေ၊
ကွန်ပျူမသုံးတတ်တဲ့ လူတွေအတွက်လည်း အပတ်စဉ် တစ်ပတ်လုံး နံနက် ၇
နာရီခွဲမှ ၉နာရီခွဲအထိ အခမဲ့ သင်ကြားပေးပါတယ်။
|
|
|
|
|
|
|
 |
i4u
Internet cafe & game မှကျင်းပပြုလုပ်ခဲ့သော counter strike
ပြိုင်ပွဲ၏ ဆုပေးပွဲအခန်းအနားကို ဒီဇင်ဘာ ၉ရက် နေ့က ရန်ကုန်မြို့ ၊
M.W.E.A Towerရှိ i4u ဆိုင်၌ ပြုလုပ်ခဲ့သည်။ထိုပွဲတွင်
ပထမဆုရရှိခဲ့သော Faith Clan ကိုဆုငွေကျပ် တစ်သိန်းခွဲနှင့်
ဒုတိယဆုရရှိခဲ့ သော Buster Clan ကိုဆုငွေ ခြောက်သောင်းခွဲ
ချီးမြှင့်ခဲ့သည်။. |
|
|
|
|
|
|
 |
အင်တာနက်မှ Chat Room များ၊ Forum
များတွင်ရင်းနှီးနေကြသော အွန်လိုင်း(online)
မိတ်ဆွေသူငယ်ချင်းများပြင်ပတွင်တွေဆုံ ရင်နှီးရန်ရည်၍
နှစ်သစ်ကူးအွန်လိုင်းပါတီ (New Year Online Party) တစ်ခုကို
ရန်ကုန်မြို့ ၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း တာဝါရှိ
i4u အင်တာနက်ကဖေးတွင်ပြုလုပ်မည်ဟုသတင်းရရှိပါသည်။
I4u အင်တာနက်ကဖေး၏ မန်နေဂျင်း ဒါရိုက်တာကိုစိုင်းထွန်းအောင်က
“အခုလိုကာလမှာ လူငယ်တွေဟာ အွန်လိုင်းထဲကနေ
မိတ်ဆွေတွေ၊သူငယ်ချင်းတွေ ဖြစ်နေကြပါတယ်။အချို့ဆို
နာမည်ရင်းတောင်မသိဘဲ Nickname လောက်ပဲသိပြီး အရမ်းရင်နှီးတဲ့
သူငယ်ချင်းတွေ ဖြစ်နေကြပါတယ်။ ဒီလိုလူတွေအားလုံးကို တစ်နေရာတည်းမှာ
ဆုံစုစည်းမိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်ခဲ့တာပါ”
ဟုပြောပြခဲ့သည်။
အွန်လိုင်းပါတီကို ဒီဇင်ဘာ ၃၁နေ့ ညနေ ၅နာရီမှ ည ၉နာရီ အထိ
ပြုလုပ်မည်ဖြစ်ပြီး ထိုပါတီ၌ ဘူဖေးဖြင့်တည်ခင်းဧည့်ခံမည်ဖြစ်သည်။
အင်တာနက်နှင့် Game များကိုလည်း အခမဲ့အသုံးပြုခွင့်
ပေးထားမည်ဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ်အစီအစဉ် များလည်းရှိသည်
ဟုသိရ သည်။ ထိုပါတီသို့ ၀င်ခွင့်လက်မှတ်အဖြစ်လူတစ်ဦးလျှင်
ကျပ်၃၀၀၀ သတ်မှတ် ထားသည်။
|
|
|
|
|
|
|
|
|
USEFUL LINKS |
|
 |
|