events-tournaments

 

« Pervious [1 . 2 ]

 

အွန်လိုင်းမှစကားပြောခြင်း (Chatting) ကို စနစ်တကျ နည်းလမ်းမှတ်စွာ အသုံးပြုနိုင်ရန် အခမဲ့သင်တန်းပေးမည်။

ယနေ့ လူငယ်များအကြားတွင် ရေပန်းစားနေသော အွန်လိုင်းမှ စကားပြောခြင်း၊ (Chatting) ကို စနစ်တကျနည်းလမ်းမှန်ကန်စွာ အခမဲ့ သင်တန်းပေးရန် ဆိုင်ဘာကဖီးတစ်ခုမှ စီစဉ်လျက် ရှိကြောင်းသတင်းရရှိပါသည်။ အဆိုပါ ဆိုင်ဘာကဖီးမှာ ရန်ကုန်မြို့၊ရွှေတဂုံဘုရား လမ်းရှိ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်း (MWEA) တာဝါ၌ ဖွင့်လှစ်ထားသော I4U အင်တာနက်ကဖေး ဆိုင်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၅ရက်နေ့မှ ဇွန်လ ၅ရက်နေ့အထိ သင်တန်းများဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းသိရသည်။ သင်တန်းကာလမှာ လေးရက်ဖြစ်ပြီး အပတ်စဉ် စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည် ဖြစ်သည်။
‘လူတော်လူကောင်းများများဟာ chatting လို့ပြောရင်မကောင်းတဲ့အရာလို့ပဲ မြင်နေကြပါ တယ်။ တကယ်တော့ chatting ဆိုတာ နိုင်ငံ တကာမှာ အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုပါ။ chatting ဟာ အသုံးပြုသူရဲ့ ရည်ရွယ်ချက်ကောင်းရင် ကောင်းသ လောက် အကျိုးရှိတဲ့ စနစ်တစ်ခုပါ။ လူငယ်တော်တော်များများဟာ chatting ဆိုတာကို ဘယ်လို အသုံးချရလည်းဆိုတာကို သိစေချင်တဲ့ အတွက် ဒီသင်တန်းကို စီစဉ်ခြင်း ဖြစ်ပါ တယ်’ ဟု I4U ၏မန်နေဂျင်း ဒါရိုက်တာ ကိုစိုင်းထွန်းအောင်ကဆိုပါသည်။

 

 
     

ယခုအခါ ပညာဒါနအဖြစ် သင်ပေးတဲ့ ဘာသာစကား၊ သက်မွေးမှုပညာ၊ စီးပွားဖြစ် လုပ်ငန်းစတဲ့ သင်တန်းတွေကို လူငယ်တွေ ပိုမို စိတ်ဝင် စားလာကြပါတယ်။ ပညာဒါနမှာ စီးပွားဖြစ် စားသောက်ကုန်တက်နေတဲ့ ကျောင်းသူတစ်ဦးက ‘ကျွန်မက အချက် အပြုတ် အရမ်း ၀ါသနာ ပါတာ၊စားဖိုမှူးသင်တန်းတွေ တက်ချင်ပေမယ့် မတက်နိုင်လို့ ပညာဒါန လာတက်တာ၊ သင်တန်းပြီးရင် ကျွန်မတက်နိုင်တဲ့ ငွေ ပမာဏနဲ့ တရုတ်အစားအစာ လုပ်ရောင်း ဖို့ရှိတယ်’ လို့ပြောပါတယ်။အင်တာနက်၊ အီးမေးလ် ပညာဒါနမှာတက်ခဲ့တဲ့ ကျောင်းသူ နှစ်ဦးကတော့ အလုပ်အတွက် အထောက်အကူုပြုသလို chatting ၀င်တက်သွား တော့ ပျော်ဖို့ လည်းကောင်းတယ်လို့ဆိုပါ တယ်။
ပစ္ဆိမာရုံပညာဒါနကျောင်းက ကျောင်းအုပ်ဆရာဦးအေးချစ်ကအခုလိုပြောပါတယ်။ ‘လူငယ် တွေကသူတို့ပတ်ဝန်းကျင် ခတ်မီတိုးတက် လာတာကို သိတယ်။ ခတ်မီတဲ့ ဘာသာရပ် မျိုးစုံ ကိုလေ့လာချင်ပေမဲ့ သင်တန်းကြေးတွေကမြင့်တော့ မိဘရဲ့ငွေကြေး အခြေအနေ ကြောင့် သူတို့နဲ့လက်လှမ်းမီရာ ပညာဒါနတွေမှာ လာတက်ကြတာ‘ သင်တန်းက သုံးလတစ်ကြိမ် ဖွင့်ပါတယ်။ ပစ္ဆိမာရုံမှာရှိတဲ့သင်တန်း အမျိုးအစားတွေကဘာသာ စကားအနေနဲ့ အင်္ဂလိပ်၊ တရုတ် ၊ ဂျပန် ၊ ကိုရီးယား၊ မလေးရှားတို့ပါ။ LCCI (Level I,II), Ele- eronic, စီးပွားဖြစ် စားသောက်ကုန်လုပ်ငန်းနဲ့ ကွန်ပြုတာသင်တန်းတွေလည်းရှိတယ်။ အင်တာနက်။ အီးမေးလ် အခမဲ့ သင်တန်းပေးတဲ့ i4u internet café မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းအောင်က ‘၀န်ထမ်းသားသမီးတွေ၊ရုံး အလုပ်သမားတွေနဲ့ အိုင်တီကို စိတ်ဝင်စား တဲ့ လူငယ်တွေကို အဓိကထားတာ၊ အပတ်စဉ် တစ်ခုမှာ သင်တန်းသား ၂၀ လောက်ပဲလက်ခံ ပေမယ့် အချို့ အပတ်စဉ်တွေမှာ ၄၀ ၊ ၅၀ လောက်တက်ခဲ့တယ်’ လို့ဆိုတယ်။
I4u ပညာဒါနက ၂၀၀၆ ဇန်န၀ါရီလကစဖွင့်တာပါ။ ၁၀ လပိုင်းလောက်မှာ အင်တာနက်၊ အီးမေးလ် သင်တန်းကို စာရင်းပိတ်လိုက်ပြီး ၂၀၀၇ နှစ်ဆန်းပိုင်လောက်မှာ ကွန်ပြူတာ အခြေခံ သင်တန်းတွေဖွင့်လှစ်ခဲ့ပါတယ် ပညာဒါန က အလုပ်အတွက်လိုအပ်လျှင် သင်တန်း ပြီး ဆုံးကြောင်းလက်မှတ်ထုတ်ပေးပါတယ်။
 

 
     

Counter-strike (1.6) Tournament (FFA) နှင့် Dota All Star (6.38b) Tournament ဂိမ်းပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ Counter-strike ကို ဇန်န၀ါရီလ ၇ရက်၊ ၂၁ရက်နှင့် ဖေဖော်ဝါရီလ ၄ရက်၊ ၁၃ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ ယှဉ်ပြိုင်ရ မည့် မြေပုံမှာ de-dust2၊ de-cpl-striker de-nuke နှင့် de-train တို့ဖြစ်သည်။ ယှဉ်ပြိုင်ရမည့် ပုံစံမှာ Clan များ ပါက ပထမအဆင့် ရှုံးထွက်၊ ဒုတိယပတ်လည် ကစားရမည် ဖြစ်သည်။ Clan နည်းပါက ပွဲစဉ်တလျှောက် ပတ်လည်ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲချိန်မှာ နံနက် ၁၀နာရီမှ ည ၉နာရီ အထိဖြစ်ပြီး Clan အနည်းအများ အပေါ် မူတည်၍ အချိန်ပြောင်း လဲရှိနိုင်ကြောင်းသိရသည်။ ပြိုင်ပွဲမပြီးဆုံး ပါက နောက်တစ်ရက် ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။
Dota All Star ကို ယခုလ ၁၄ ရက်၊ ၂၈ရက်နှင့် ဖေဖော်ဝါရီ ၁၁ရက်၊ ၂၅ရက်တို့တွင် ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ယှဉ်ပြိုင်ရမည့် မြေပုံမှာ 6.38b ဖြစ်သည်။ ယှဉ်ပြိုင်ကြမည့် Clans များမှ ပွဲချိန် ၁နာရီခွဲအတွင်း မပြီးဆုံးပါက ပြိုင်ပွဲကို ရပ်စဲ၍ နှစ်ဖက် Clan များမှ Hero နှင့် Tower များကို ကြည့်က သာသည့် Clan အား အနိုင်ပေးမည်ဖြစ်သည်။ ယှဉ်ပြိုင်ရမည့် ပုံစံမှာ Counter-strike အတိုင်းဖြစ်သည်။ ၀င်ကြေးအဖြစ် တစ်သောင်းပေးသွင်း ရမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်သည့် Clans များပေါ်မူတည်၍ ဥပမာ-Clans ငါးခုယှဉ်ပြိုင်လျှင် ၁၀၀၀၀ x ၅ = ၅၀၀၀၀ ဆုကြေးကို ရနိုင်သည့် Clan မှ ရရှိမည်ဖြစ်သည်။ နိုင်သည့် Clan မှ Games Fees ပေးရမည်ဖြစ်သည်။ ပြိုင်ပွဲမစမီ တစ်ရက်အလိုအထိ Form ဖြည့်၍ i4u သို့ စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။
 

 

USEFUL LINKS

 

http://www.flashband.net

http://www.myanmartraining.com

http://www.city.com.mm

http://www.Starhub.com

http://www.Jobstreet.com

http://www.Mmtimes.com

http://www.Livescore.com

http://www.Multimap.com

http://www.Planet.com.mm

http://www.Dotaportal.com

http://www.myanmarmp3.net

http://www.Armorgames.com

http://www.Myanmargoal.com

http://www.popularmyanmar.com

http://www.myanmarelibrary.com

http://www.en.wikipedia.org/wiki

http://www.Animal.discovery.com

Internet & Game |   Cafe' & Restaurant |   Events & Tournaments |    About Us
Copyright © 2007 I4U Cyber Cafe.All Rights Reserved. Visitor Count :web tracker

 Powered By: CREATIVE Web Studio.